Saturday, February 22, 2014

လှောင်အိမ်ထဲက အပြောင်းအလဲ


မြန်မာပြည်ထဲကို .. နောက်ဖေးပေါက်က တမျိုး၊ ရှေ့ပေါက်က တဖုံ .. အူယားဖားယား ဝင်သွားသူတွေ မနည်းလှပါဘူး ..။ .. အမှန်တကယ် အပြောင်းအလဲ အထင်နဲ့ .. ဝမ်းပမ်းတသာပေါ့။ .. ၂၀၁၀ ရွေးကောက်ပွဲနောက် အလျှိုအလျှို ပြန်တော်ပြန်ခဲ့ကြတာ နည်းမှမနည်းလှတာ ..။ .. သူတို့ကို အဝေးက ကြည့်ရင်း .. မုဒိတာပွားမိပါရဲ့ ..။  

ဒါပေမယ့် .. ဆွေရိပ်မျိုးရိပ် ရင်ငွေ့သာ ခိုလှုံနိုင်ခဲ့ကြပြီး .. ဒီမိုကရက်တစ် နိုင်ငံအဖြစ် အရောက်လှမ်းမယ့် .. ခြေလှမ်းမျိုး၊ အပြောင်းအလဲမျိုး .. လောက်လောက်လားလား မမြင်ခဲ့ကြရပါဘူး ..။ .. မျှော်လင့်ထားသလောက် မဖြစ်တဲ့အပြင် .. လှောင်အိမ်ထဲက အပြောင်းအလဲ အဖြစ်သာ မြင်ကြရပါတော့တယ် ..။  

တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ဖို့ သမ္မတက လုပ်၊ စစ်တပ်က တပ်တွေ တိုးချ .. ထိုးစစ်ဆင် ..။ ၂၀၀၈ ခြေဥအရ သမ္မတ(အစိုးရ)က သပ်သပ်၊ စစ်တပ်က သပ်သပ် ..။ .. သူ့နယ်နဲ့သူ တဗိုလ်တမင်း အပိုင်စား ပေးထားတာ ..။

 အောက်ခြေ ငယ်သားတွေက အာဏာရှင်လို လက်သံပြောင်ကြတုန်း..ပြုမူကြတုန်း ..။ ..ဒီမိုကရက်တစ်ဆီ ဦးတည်ရာမှာ အငယ်တန်း အဆင့်  ..  အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အပြောင်းအလဲဟာ အရေးကြီးတယ် ..။ .. မဟုတ်ရင် အပြောကတော့ ရွှေမန်းပဲ ..။ 

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင် ဖွဲ့ပြန်ပြီ ..။ .. လူကြားကောင်း ဖွဲ့ခဲ့တဲ့ ကော်မရှင်တွေ .. ဒီအစိုးရလက်ထက် မနည်းဘူး ..။ .. တောင်တွေ တလုံးပြီးတလုံး ချေဖွခံရပြီး .. ဆင်းရဲသား ပြည်သူတွေ ကျေမွခံရတဲ့ လက်ပံတောင်း ကော်မရှင် ခရီးမတွင်ခဲ့တာ လူတိုင်းအသိ ..။  

အဲဒီ စစ်တပ်ပိုင် စီးပွားရေးခံတပ် ဦးပိုင်ကြီးကို ဦးသိန်းစိန် ဘယ်လိုလုပ် ထိုးခွဲမှာတုန်း ..။ .. ဒါက အကြီးတန်းအဆင့် အာဏာရှင်ဟောင်း တွေ ဒီမိုကရေစီ အပြောင်းအလဲမှာ လူထုနဲ့ တသားထဲ ရှိမရှိ အသိသာဆုံး အချက် ..။ .. အခုတော့ မတရား အကျိုးစီးပွား ဆက်ရှာဖို့ အတွက် .. သံဃာမရှောင် မီးလောင်တိုက်သွင်းခဲ့တယ် ..။

ဆင်းရဲမွဲတေမှု ပပျောက်ရေးမှာလည်း .. တဲနဲ့ပြည်သူက ရွက်ဗျင်တဲထိုး၊ လမ်းဘေးနေကနေ နေစရာပျောက်၊ ဘုန်းကြီးကျောင်းမှာ ခိုလှုံပြန်တော့ နှင်ချခံရနဲ့ ..။ .. ဆင်းရဲသား ပြည်သူတွေ နေစရာ အိမ်မရှိ .. ပြေးစရာ မြေမရှိနဲ့ ..။ .. ရွာဖျက် မြေသိမ်းနဲ့ တပ်ပိုင်မြေ သတ်မှတ်နေတာက .. မိုးရွာတုန်း ရေခံတဲ့အတိုင်းပဲ ..။ .. ကျေးလက်နေတွေဆီကနေ တပ်နဲ့ပေါင်းပြီး ကုမ္ပဏီတွေ မတရား သိမ်းထားတာကျ မသိသလို လက်ရှောင်ကြတယ် ..။ ဆင်းရဲမွဲတေမှု မပျောက်ဘဲ .. ဆင်းရဲသားတွေ အသက်ပျောက်ဖို့ စီမံကိန်းသာ ဖြစ်တော့တယ် ..။ 

ရှေ့ဆက်တိုးရမှာကို ကြောက်တဲ့သူတွေက လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ပြောင်ပြောင်တင်းတင်း ဖန်တီးနေတယ် ..။ ဖမ်းပါလား၊ ဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးပါလား ..။ နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ပါလား ..။ .. အခုတော့ မြောက်မြားလှစွာသော မင်းကြီးတွေရဲ့ တာကနေ ထွက်နေတဲ့ ရွှေသမင်တွေမို့ .. လွှတ်ပေးထားရတာလား ..။ 

သမ္မတသက်တမ်း ၃ နှစ်သာ ပြည့်လာတယ် မြစ်ဆုံကိစ္စ ဟိုတိပတ်တိ ရှိပုံပေါ်ခဲ့တယ် ..။ ဒါတောင် ဦးသိန်းစိန် ဦးဆောင်ထိုးခဲ့တဲ့ စာချုပ်ကို ပြည်သူအလိုကျ အပြီးအပြတ် ဖျက်သိမ်းတာ မဟုတ်ဘူး ..။  

ပြည်တော်ပြန်တွေ တွေ့လိုက်ကြရတာက .. ပြောင်းလဲချင်သလိုလို အရွေ့တွေလည်း .. အဲသလို လှုပ်လီလှုပ်လဲ့ ဆိုတာပါပဲ …။

၂၀၁၅ ရွေးကောက်ပွဲမှာ အာဏာလက်လွှတ်ရမှာ သေချာတဲ့ ကြံ့ဖွံ့တွေ၊ နောက်ပြန်လှည့်လိုသူတွေ၊ စစ်အုပ်စုနဲ့ ပေါင်းပြီး မတရား မျိုဆို့ထားသူတွေက .. ရုန်းရင်းဆန်ခတ်မှုတွေ၊ အဓိကရုဏ်းတွေ .. ဖန်တီးကြမှာလား .. ??
  
လူထုတွေကလည်း မြေယာ ပြန်ရရေး အပါအဝင် ရပိုင်ခွင့် တိုက်ပွဲတွေ ဖော်ထုတ်ကြမှာလား .. ??  

နိုင်ငံရေး သဘောတူချက်နဲ့ အဖြေမရှာတဲ့ အပစ်အခတ်ရပ်ရေးကို .. စစ်တပ်က ချိုးဖျက်ပစ်မှာလား ..?? 

အဆုံးမှာတော့ .. တိုင်းပြည် ချောက်ထဲကျဖို့ ၂ လက္မအလိုမှာ စစ်တပ်က ဝင်ကယ်ဦးမှာလား .. ??   

မြန်မာပြည်သူများ လှောင်အိမ်ထဲက အပြောင်းအလဲတွေကြားကနေ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ ..။

ခွပ်ဒေါင်းနီ

Thursday, April 4, 2013


 ၂၁ကြိမ် မြောက် အစဉ်လာမပျက်( ဂျပန်) မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချီ ....
2013 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်)

ဒီနေရာကိုနှိပ်ပါ Mingalar Doe 2013 သင်္ကြန် ... - YouTube


http://www.youtube.com/watch?feature=player_embedded&v=IN71kMOAk_k